
နံရံကိုကြည့် မင်းမျက်နှာ
အမှောင်တွေထဲ မင်းမျက်နှာ
လေပြေတွေထဲ မင်းမျက်နှာ
အရိပ်တွေထဲ မင်းမျက်နှာ
မိုးသားထဲမှာ မင်းမျက်နှာ
လမင်းကြီးဟာ မင်းမျက်နှာ
ကြယ်စင်တွေထဲ မင်းမျက်နှာ
ရေထဲငုံ့ကြည့် မင်းမျက်နှာ
လူတွေကိုကြည့် မင်းမျက်နှာ
မမြင်အောင်ရှောင်ကြည့် မင်းမျက်နှာ
နေရာတိုင်းမှာ မင်းမျက်နှာ
အချိန်တွေတိုင်းမှာ မင်းမျက်နှာ
တွေးလိုက်တိုင်းမှာ မင်းမျက်နှာ
သိခြင်းတွေဟာ သောကတွေလား?
မျော်လင့်ချက်တွေဟာ လှည့်ဖျားခြင်းလား.?
အချစ်တွေဟာ ပူဆွေးခြင်းလား...?
ကိုယ့်အတွက်တော့
သေခြင်းသည်သာ
အလှပဆုံးသော
စွန့်စားမှုတစ်ခုဖြစ်နေတာ
သေချာပီ..........

No comments:
Post a Comment