
လိုရာခရီးအတွက်
သက်ဆိုင်သူ
ထာဝရသွားနိုင်ဘို့
ပေးဆပ်ခွင့်တွေကိုလည်း
ရချင်ခဲ့တယ်
အငုံလေးတစ်ခုလို
ပွင့်လာမည့်အချိန်တွေကို
စိတ်ရှည်စွာစောင့်စားရင်း
အိပ်မက်တွေထဲမှာ
ကြာရှည်စွာ
မအိက်စက်ချင်ခဲ့သူမို့
နစ်နာချက်တွေကို
ညီမျှချင်းထိုးပြီး
အရာရာကိုခဝါချ
ချစ်သူ................
နင့်အတွက်ဆိုရင်လေ
ခံနိုင်ရည်တွေကိုလည်း
ရင်ထဲမှာမွေးဖွားခဲ့ပြီးပြီ
ဂုဏ်သိက္ခာဆိုတာကတော့
ချရောင်းခံရတဲ့ ပစ္စည်းတစ်ခုပေါ့............
်

No comments:
Post a Comment