ညတွေကိုနိုးထလို့
အမှောင်တွေကိုဖမ်းချုပ်ပြီး
ပြောင်းလဲခြင်းတွေရပ်တန့်
ပီပြင်မှု့တွေကဝိုးတဝါးဖြစ်
တိတ်ဆိတ်ခြင်းတွေကျယ်လောင်လို့
ရောင်နီဦးတစ်ခုကျိုးပဲ့သွားချိန်
သိမ်ငယ်နေတဲ့အလင်းတစ်ခုဟာလဲ
မှေးမိန်စွာပျောက်ကွယ်သွားခဲ့
လွင်ပြင်တစ်ခုထဲမှာ
မွတ်သိပ်သောဘဝတစ်ခုကိုရှာရင်း
အဓိပ္ပါယ်မဲ့တွေကိုဘာသာပြန်
် ကဗျာတွေဟာရိုင်းသွား
အစဉ်းခံထားရတဲ့သက်တန့်တစ်ခုလို
ကြမ္မာရိုင်းတွေလှပဖို့အတွက်
နောင်တတစ်ခုကိုအရင်းတည်ပြီး
အလွှမ်းတွေကတော့
အနက်ရှိုင်းဆုံးတနေရာမှာ
လှပစွာဆန်းသစ်သွားပြီ......

No comments:
Post a Comment