
အချိန်တွေနှင့်စီးချင်းထိုး
မိုင်ပေါင်းများစွာခရီးနှင်
တောင်တန်းတွေကိုကျော်ဖြတ်
အမှောင်ထုကိုရိုက်ချိုးပြီး
ကမ္ဘထဲကိုဝင်အလာ
ဒါပေမယ့်......ချစ်သူရယ်
ချစ်သူအိမ်က
အကာအရံတွေကို
ထိုးဖောက်ဝင်ရောက်ဖို့ဆိုတာ
အားအင်တွေမရှိခဲ့သူမို့
တနေရာစာလေးပဲဖြစ်ဖြစ်
ချစ်သူရဲ့အခန်းလေးထဲမှာ
တံခါးလေးတစ်ချပ်လှပ်ပေးပြီ
တစ်ချက်ကလေးဘဲဆိုဆို
လင်းခွင့်ပေးပါ..........ချစ်သူရယ်....။။။။။။

No comments:
Post a Comment