
ကိုယ်ဟာ....
ချစ်သူနှင့်အတူ
သက်တန့်ခုံးကြီးပေါ်မှာ
ထိုင်ချင်ခဲ့သူ
လေအဟုန်မှာ
တိမ်တွေစီးပြီး
အဇဋာပြင်ကောင်းကင်ကြီးကို
နှစ်ယောက်အတူပတ်ချင်ခဲ့သူ
အရာရာဟာ
ဖြစ်နိုင်ခဲ့မယ်ဆိုရင်ပေါ့
ဧဒင်ဥယာဉ်ကြီးကိုလည်း
နှစ်ယောက်တစ်ကမ္ဘာအဖြစ်နှင့်
ဖန်ဆင်းချင်ခဲ့သူပါ
ဒါပေမယ့်...ချစ်သူရယ်
ကိုယ့်ဘဝထဲမှာတော့
အမှောင်တွေဟာ
ရေသေလိုရပ်တန့်
အတွေးတွေကို
လွတ်လပ်စွာပြန်သန်းခွင့်ပေးထားချိန်
ခါးသက်တဲ့အချိန်တွေကိုမျိုချရင်း
အလွှမ်းတွေသာလျှင်
ရင်ခွင်ပိုက်ပစ္စည်းတစ်ခုအဖြစ်
ရင့်သီးစွာ.....ကျန်ခဲ့တယ်...................

No comments:
Post a Comment