
မျက်ရည်ချိုင့်ဝှမ်းကြီးနှင့်အတူ
ကောင်းကင်ကြီးတစ်ခုလုံးကို
သက်တန့်တွေနှင့်လွှမ်းခြုံထားချင်ရဲ့
ပြောခဲ့သမျှစကားလုံးတွေဟာ
idioms တွေများလား
ရွက်ပုံးသီးတွေလို
ဘာသာပြန်ဘို့ခတ်ခက်ခက်
အတွေးများနယ်ချဲ့ချိန်
အေးစက်စက်မာယာတွေဟာ
fashion မယ်တွေလို
အရှေ့ကခွဲ
အနောက်ကခွဲ
ဘေးကခွဲ
ရင်ကခွဲနှင့်
အကွဲများစွာပျံ့ကျဲလို့
သူမရဲ့ကိုယ်လုံးပေါ်က
ထွက်ကျလာတဲ့ဂီတသံတွေနှင့်
နှလုံးသားရဲ့နူးညံ့မှုတွေဟာ
လိုက်လျောညီထွေမှုတွေအပြည့်နှင့်
စည်းချက်တွေပေါ်မှာ
ဟန်ချက်တွေညီညီနှင့်
ခုံမင်စွာနှင့်ဘဲကနေမယ်..................




